စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ – ၁၂ ( နှစ်သိမ့်မှုပေးရန် နှိုးဆွခြင်း )

ပထမဆုံးအကြိမ် ရေးသား ပုံနှိပ် ထုတ်ဝေကြတဲ့ ၀တ္ထုရေးဆရာတွေမှာ အမှားတွေ အများကြီး ပါကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ကျွန်တော် သတိထား ဖတ်မိတဲ့ အချက်က စာရေးနည်း အတတ်ပညာကို သိသင့်ပါလျက်နဲ့  သတိမမူကြပဲ ၀တ္ထုဇာတ်လမ်းနဲ့  ပတ်သက်တဲ့ အချက်အလက်တွေကို စောစောစီးစီး ချရေးပြတတ်ခြင်းပါပဲ။ ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့  ဖျော်ဖြေရေးကို အဆင်သင့် ရနိုင်ပြီး ချက်ချင်း လက်ငင်း စိတ်ကျေနပ်မှု ရစေနိုင်တဲ့ ကျွန်တော်တို့  ခေတ်မှာ စာရေးချင်တဲ့ ဆန္ဒ ပြင်းပြနေသူတိုင်းက ဘယ်လို နားလည်ထားသလဲဆိုတော့ ၀တ္ထု စဖွင့်လိုက်တာနဲ့  တစ်ပြိုင်နက် တာလွှတ်လိုက်တဲ့ ပြိုင်မြင်းများ လို တစ်ဟုန်ထိုး ပြေးရတော့မယ်လို့  သဘောပေါက်နေကြတယ်။ ဗွီဒိုဖွင့်လိုက်တာနဲ့  တစ်စုံတစ်ယောက်ရဲ့ ရုပ်အလောင်းကောင် ကြီး ထွက်ကျလာမယ်။ ခင်ပွန်းသည်ရဲ့ အင်္ကျီအိတ်ထဲကနေ တခြား အမျိုးသမီး တစ်ယောက်ရဲ့ ဖုန်းနံပါတ် ရေးထားတဲ့ စာရွက် တစ်ရွက် ရုတ်တရက် တွေ့ မယ်။ ဒါမှမဟုတ် သွေးစုတ်ဖုတ် ကောင်ကြီးက သူ လဲလျောင်းနေတဲ့ ကျောက်သား ခေါင်းကြီးထဲက ထလာမယ်။ ဒီလိုမျိုး ၀တ္ထု အဖွင့် တွေဟာ စာဖတ်သူရဲ့ ရင်ကို ရုတ်တရက် စွဲငြိသွားစေမယ်လို့  ခံယူထားကြတယ်။ အနည်းဆုံး တဒင်္ဂတော့ စိတ်ဝင်စားသွားမယ်ပေါ့။

ဒါပေမဲ့ စာဖတ်သူကို အဲဒီလို ဆွဲဆောင်လိုက်ပြီး စာဖတ်သူက စိတ်ဝင်စားလာချိန်မှာ အရေးအသား တော်တော်ကောင်းတဲ့ စာရေးဆရာတွေဟာ ရုတ်တရက် ချက်ချင်းဆိုသလိုပဲ လှုပ်ရှားမှုကို နှေးကွေး ပစ်လိုက်ပြီး အချက်အလက် အကြောင်းအရာတွေ ကို မပြောသင့်သေးတဲ့ အချိန်မှာ အစောကြီးပြော၊ အများကြီး ပြောချ ပစ်လိုက်ကြတော့တာပါပဲ။ ဇာတ်ကောင်စရိုက် အသေး စိတ်၊ နောက်ကြောင်း ကိုယ်ရေး ရာဇ၀င် တို့ ကို လက်ရှိ အခြေအနေမှာ မဖော်ပြသေးပဲ ဇာတ်ရှိန် မြင့်လာတဲ့အချိန်မှာ တဖြည်းဖြည်း ဖော်ပြ သွားရမဲ့အစား ချက်ချင်းကြီး ဖော်ပြလိုက်တော့ ကိုယ်ဆက်ပြီး ရေးရတော့မဲ့ အဓိက ဇာတ်အိမ်ရဲ့ အကျဉ်း ချုပ်ကို ဖော်ပြလိုက်သလို ဖြစ်သွားပါတယ်။ ၀တ္ထုတစ်ပုဒ်ရဲ့ လျှို့ ဝှက်ထားရမဲ့ အချက်တွေကို အကျဉ်းချုပ် ရေးပြလိုက်ပြီးတော့မှ ဒီဝတ္ထု ကို ဘယ်လို ဆက်ရေးရတော့မှာလဲ။ ဆက်ရေးနေရင်လည်း ပြောပြီးသား အကျဉ်းချုပ်ကို အကျယ်ချဲ့  ရေးနေတာပဲဖြစ်တဲ့ အတွက် စာဖတ်သူကို တရွတ်တိုက်ဆွဲခေါ်သွားသလိုပဲ ဖြစ်နေပါတော့မယ်။ စာဖတ်သူအတွက် ရှေ့ ဆက်ဖတ်လို့  ဘာမှ အံ့သြ စရာ မရှိတော့သလို စိတ်ကြည်နူးစရာ လည်း ရစရာ မရှိတော့ပါဘူး။

ဝတ္ထု စဖွင့်ဖွင့်ချင်းမှာ အများကြီး ဖော်ပြလိုက်ကြတာလည်း အကြောင်းတွေ အများကြီး ရှိပါတယ်။ စာရေး ဆရာ “ဖီးလစ်ရိုဇင်း ဘာ့ခ်” က ၀တ္ထုရေးတာကို ဘာနဲ့  တင်စားလဲဆိုတော့ နယူးယောက်မြို့ ကနေ ကယ်လီဖိုးနီးယားအထိ လမ်းလျှောက်တာနဲ့  တူတယ်တဲ့။ တာထွက်ချင်းချင်းမှာ အားသွန်ခွန်စိုက် ရှိတယ်။ လျှောက်၊ လျှောက်၊ လျှောက် တစ်နေ့ လုံး မမောမပန်း လျှောက် လိုက်ကြတာ နောက်ဆုံး ခြေကုန် လက်ပန်း ကျချိန်မှာတော့ နယူးဂျာစီကိုတောင် မရောက်သေးဘူး။ ၀တ္ထုစရေးတဲ့သူ တစ်ယောက်အနေနဲ့ လည်း ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ပြောချင်တာတွေ များနေတဲ့အတွက် လွတ်သွားမှာ ပျောက်သွားမှာ စိုးပြီး အကုန် စွပ်ရေးချ တော့တာပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုကလည်း နည်းပါးသေးတော့ ကိုယ်ချထားတဲ့ လမ်းကြောင်းက သွေဖီ မသွားအောင် ပထမ စာမျက်နှာ ၂၀လောက်မှာကတည်းက သွန်ချ ရေးလိုက်ကြတယ်။ စာမျက်နှာ ၃၀၀ လောက် ရေးရမဲ့ ဇာတ်လမ်းကြီးရဲ့ အသေးစိတ် အချက်အလက်ကို ခေါင်းထဲမှာ အသေးစိတ် ထည့်ထားဖို့ ဆိုတာ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကိုယ်ပြောချင်တဲ့အချက်၊ အရေးကြီးတဲ့ အချက် တစ်ခု တလေ ကျန်ရစ်မှာကို ပူပန်တာ ဓမ္မတာပါပဲ။ ၀တ္ထုရှည် (လုံးချင်း) ၃-၄ ပုဒ်လောက် ရေးပြိးရင်တော့ ကိုယ့်ကို ကိုယ် ယုံကြည်မှု အတန်အသင့် ရှိလာပြီမို့  ဒီ ပြသနာကို ကိုင်တွယ်တတ် သွားပါပြီ။

ဝတ္ထုကောင်းတစ်ပုဒ်နဲ့  ပတ်သက်ပြီး ဟဲမင်းဝေး ပြောဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “၀တ္ထုကောင်း တစ်ပုဒ် ဆိုတာ ရေပြင်ပေါ် မှာ တစ်စွန်းတစ ပေါ်နေတဲ့ ရေခဲတုံးကြီးနဲ့  တူတယ်။ အစိတ်အပိုင်း တော်တော်များများ က မြုပ်နေတယ်။ ကျွန်တော်တို့  အနေနဲ့  ရေပေါ်မှာ ပေါ်နေတဲ့ အပိုင်းအစကို မြင်တွေ့  ခံစားရရုံနဲ့  ဒီရေခဲ တုံးကြီး ဘယ်လောက် ကြီးမယ်ဆိုတာ မှန်းဆလို့ ရတယ်။ ဒါပေမဲ့ ဘယ်နည်းနဲ့ ပဲ ဖြစ်ဖြစ် ရေပေါ်မှာ ပေါ်နေ တဲ့ အပိုင်းထက် ရေထဲမှာ မြုပ်နေတဲ့ အပိုင်းကို ပိုပြီး စိတ်ဝင်စားတာ သေချာတယ်။ ဘာလို့ လဲဆိုတော့ မမြင်ရတဲ့ အပိုင်းကို ကျွန်တော်တို့ က စိတ်ကူးနဲ့  ပုံဖော် ခံစားကြည့်ရတာကြောင့်ပါပဲ။” လို့  ဆိုခဲ့ဖူးပါတယ်။

စာရေးသူ တစ်ယောက်အနေနဲ့  ကိုယ့်ကိုကိုယ် သတိထားရမှာက ကိုယ်ဟာ ဖျော်ဖြေရေး လုပ်ငန်းတစ်ခု လုပ်နေတယ် ဆိုတာ ပါပဲ။ ဖျော်ဖြေရေးဆိုတဲ့ နေရာမှာ ပုံစံ အမျိုးစုံ ရှိသလို လူတန်းစား အလွှာအသီးသီးနဲ့  ပတ်သက်လာပါတယ်။ စာရေးခြင်း အတတ်ပညာဟာ လူတွေရဲ့ ရင်ထဲက လှုပ်ရှားမှုတွေကအစ လူသား အားလုံးနဲ့  ဆက်နွယ်နေတဲ့ လှုပ်ရှားမှုတွေလည်း ပါဝင် လာပါတယ်။ ဒီတော့ စာဖတ်သူ စိတ်ဝင်စားလာ အောင် ကိုယ်က စာရေးခြင်း အတတ်ပညာနဲ့  စာဖတ်သူ စိတ်ကို နှိုးဆွပေးနိုင် ရပါမယ်တဲ့။

စာရေးဆရာ မက်ဒီဆင်က ၀တ္ထုအဖွင့်သဘောနဲ့  တဖြည်းဖြည်းချင်း ဇာတ်ရှိန် မြင့်လာသင့်တယ် ဆိုတာကို ပြောပြထားတာ ဖြစ်ပါတယ်။ ၀တ္ထုရေးသူတွေ သတိပြုစရာပါ။

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: