စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၁၁ ( စာရေးဆရာရဲ့ ဇာတ်ကောင်များ -၃ )

စာရေးဆရာမ အယ်လိဇဘတ်ဂျော်ဒန်မိုးရဲ့ A Writer’s Characters ဆိုတဲ့ ဆောင်းပါးလေးပါ။

ဝတ္ထုရေးရာမှာ နောက်တစ်ချက် ဂရုပြုမိတာကတော့ ဆက်တင် အနေအထားပါပဲ။ ဆက်တင်အနေအထား မှန်ပါမှ ကိုယ့် ဇာတ်ကောင်ကို ပရိသတ်က ယုံကြည်မှု ရှိပါတယ်။ ၀တ္ထုတွေထဲမှာပဲဖြစ်ဖြစ်၊ ပြင်ပမှာပဲ ဖြစ်ဖြစ် လူတွေဟာ နေရာတစ်ခုမှာ တကြိမ်နေပြီး စကားတစ်မျိုး ပြောကြပါတယ်။ အဲဒီနေရာမှာ အနေအထားနဲ့  စကား က သူတို့ ရဲ့ဘ၀ အခြေအနေ ပုံစံကို ဖော်ပြနေသလို သူတို့ တန်ဖိုးကိုလည်း ဖော်ပြပါတယ်။ ဒါကြောင့် ဆက်တင်ဟာ စာဖတ်သူအတွက် အရေးကြီးသလို စာရေးသူအတွက် လည်း အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်တာ သေချာပါတယ်။ တကယ်လို့  ကျွန်မသာ စာဖတ်သူနေရာမှာ နေရမယ်ဆိုရင် စာရေးသူတစ်ယောက် ဖန်တီးပြတဲ့ ကမ္ဘာကို ကျွန်မ ယုံကြည်သွားတာနဲ့  အမျှ သူ့ ဇာတ်ကောင်တွေကိုလည်း သက်ရှိတွေလို့  ခံစားရ စေမှာ မလွဲပါဘူး။

စာရေးသူက သတိထားပြီး တိတိကျကျကျ ဖော်ပြတတ်ရင် ဆက်တင်ဟာ စာဖတ်သူ မျက်စိထဲမှာ ကွက်ကွက် ကွင်းကွင်း မြင်လာ နိုင်ပါတယ်။ အဲဒီလို ဖြစ်အောင် စာရေးဆရာက သူ့ မြင်ကွင်း တစိတ်တဒေသ၊ ဒါမှမဟုတ် သူ့ အာရုံထဲက မြင်ကွင်းတစ်ခုကို သေသေချာချာ ကြည့်တတ်မြင်တတ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဆက်တင်ဟာ ကိုယ့်ဝတ္ထုမှာ သာမညသာ ဖြစ်ရပါမယ်။ ဆက်တင်ကိုပဲ အဓိကထား ရေးမယ်ဆိုရင် ဇာတ်က ပျောက်သွားနိုင် တဲ့အတွက် အဓိကနဲ့ သာမည ခွဲခြားတတ်ဖို့ လိုပါတယ်။

တစ်ခါတလေကျတော့လည်း ဇာတ်ကိုအထောက်အကူ ပြုဖို့  မလွဲမသွေ ထည့်ရေးဖို့  လိုအပ်လာတာတွေ ရှိပါ တယ်။ ဒီအခါမျိုးမှာ စာရေးဆရာက မျှမျှတတ ရေးတတ်ရပါမယ်။ ဆက်တင်တစ်ခုကို ၀ိသေသ နှစ်ခုလောက် ထည့်ပြီး ရေးတတ်တဲ့ စာရေးဆရာတွေ လည်း ရှိပါတယ်။

ဥပမာ – “ကြီးမားစိမ်းစိုသော သစ်ပင်ကြီး၏နောက်တွင် အိုမင်းဖြူဖွေးနေသော အိမ်တစ်လုံးရှိ၏” အဲလိုရေး လိုက်ရင် စာဖတ်သူက သဘာဝ မကျဘူး ထင်သွားရော။ အဲဒါ ကျွန်မ အမြင် ပြောရရင် စာရေးသူက တကယ့် မြင်ကွင်းတွေကို လေ့လာမကြည့်ပဲ ရေးတဲ့ အကျင့်ရှိသူ ဖြစ်လို့ ပါပဲ။ နောက်တစ်ခု ကျွန်မပြောချင်တာကတော့ ကုန်ပစ္စည်း အမှတ်တံဆိပ်၊ အမည်တွေကို မလိုအပ်ပဲ ဘယ်တော့မှ ထည့်မရေးချင်ဘူး။

သာမည ဇာတ်ကောင်များနဲ့ ပတ်သက်လို့  ပြောချင်ပါသေးတယ်။ စာရေးသူတိုင်းအတွက် ဘယ်ဇာတ်ကောင်မှ သာမည မဟုတ် ဘူးဆိုတာ ကျွန်မ ယုံပါတယ်။ ဒါကြောင့် ဇာတ်ကောင်တစ်ယောက်က စကားပြောတာကို နားထောင်ရုံသက်သက် ဇာတ်ကြောင်း မှာ ဘာမှ ပါဝင်ပတ်သက်မှု မရှိတဲ့ ဇာတ်ကောင်အပိုတွေဟာ မိမိတို့ ရဲ့ ၀တ္ထုဇာတ်လမ်းတိုင်းမှာ မလိုအပ်ပါဘူး။ ဒါကြောင့် ဇာတ်ကောင်တိုင်းဟာ စာရေးသူရဲ့ အားထုတ်မှု အပြည့် အ၀နဲ့  သဘာဝကျအောင် ဖန်တီးခံရဖို့  လိုလည်း လိုအပ်ပါတယ်။ ထိုက်လည်း ထိုက်သင့်တယ်လို့  ပြောချင် ပါတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ ၀တ္ထုကမ္ဘာမှာ သူဟာလည်း ထိုက်သင့်တဲ့ နေရာ ရသင့်တာပေါ့။

စာရေးတယ်ဆိုတာ ဖန်တီးခြင်း အတတ်ပညာပါ။ ဒါကြောင့် ဇာတ်ကောင်တွေဟာ လူအစစ်နဲ့  တူစရာမလို ပါဘူး။ ဒါပေမဲ့ စာရေးသူ ဖန်တီးလိုက်တဲ့ ကမ္ဘာထဲမှာ သူတို့ တွေဟာ လူအစစ်တွေလို နေကြ၊ ထိုင်ကြ၊ စကား တွေ ပြောကြရပါတယ်။ ဒါမှလည်း သူတို့  ကမ္ဘာကို စိတ်ဝင်တစား ဖတ်ကြတဲ့ စာဖတ်သူတွေအတွက် ဒီ ဇာတ်ကောင်တွေဟာ တကယ့်လူတွေလို ဖြစ်လာလိမ့်မယ်။

စာရေးကောင်းတာနဲ့  အမျှ စာဖတ်သူဟာ ၀တ္ထုထဲက ကမ္ဘာထဲကို အလိုလို ရောက်လာမှာပါပဲ။ ဒါပေမဲ့ စာရေးသူက ဇာတ်ကောင် ကို မနိုင်ဝန် ထမ်းခိုင်းသလို ပြောချင်တဲ့ စကားတွေ၊ ပေးချင်တဲ့ Message တွေ များနေရင် မနိုင်ဝန်ထမ်းရတဲ့ လားတစ်ကောင်လို လိမ့်ကျ သွားပါလိမ့်မယ်။ ၀န်နဲ့  အားမျှမှသာ ကိုယ်ဖန်တီး ထားတဲ့ ဇာတ်ကောင်က စာဖတ်သူတွေရဲ့ ရင်မှာ စွဲကျန်ပါလိမ့်မယ်။ စာရေးသူတိုင်းက သူ့ ဇာတ်ကောင်တွေကို ချစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ ဖန်တီးထားတာကိုး။ ဇာတ်ကောင်တွေ အား ကောင်းတာနဲ့  အမျှ ပရိသတ်ကလည်း ဇာတ်ကောက်တွေကို စွဲသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူ ဖန်တီးထားတဲ့ ကမ္ဘာဟာ တကယ့်ကမ္ဘာနဲ့ တူတဲ့အတွက် အဲဒီကမ္ဘာထဲမှာ ဇာတ်ကောင်တွေကလည်း တကယ့်လူတွေနဲ့  တူနေကြလို့ ပါပဲတဲ့။

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: