စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၁၀ ( စာရေးဆရာရဲ့ ဇာတ်ကောင်များ -၂ )

စာရေးဆရာမ အယ်လိဇဘတ်ဂျော်ဒန်မိုးရဲ့ A Writer’s Characters ဆိုတဲ့ ဆောင်းပါးလေးပါ။

ဇာတ်ကောင်ကို သက်ဝင်လှုပ်ရှားအောင် ဘယ်လိုလုပ်ကြမလဲ။ ဇာတ်ကောင်ဆိုတာ စာရေးဆရာက သူတို့  အတွက် ဖန်တီးပေး ထားတဲ့ ကမ္ဘာထဲက လူတွေပါပဲ။ ဒါကြောင့် သူတို့ ကလည်း ပြင်ပ ကမ္ဘာက လူတွေလိုပဲ ကြုံတွေ့ ရမှာပဲ။ သူတို့ မှာလည်း အာရုံ ငါးပါး ခံစားမှု ရှိရမယ်။ အဲဒီလို အာရုံငါးပါး ခံစားမှု ပေးထားမှ စာဖတ် သူနဲ့  တစ်သားတည်း ဖြစ်သွားပြီး ၀တ္ထုထဲက ဇာတ်ကောင် တွေဟာလည်း ပြင်ပကမ္ဘာက သက်ရှိလူတွေလို ဖြစ်လာပါလိမ့် မယ်။ ဒီတော့ စာဖတ်တဲ့သူက သူတို့ ကို တကယ့်လူတွေလို့  ယုံကြည်သွားပြီး ခံစားလို့ ရသွား ပါတယ်။

ဝတ္ထုထဲက ဇာတ်ကောင်တိုင်းမှာ သီးခြားစီ ကိုယ်ပိုင်ဟန်တွေ ရှိကြပါတယ်။ စကားပြောတာကအစ သူတို့ ဟန်၊ သူတို့ ပုံစံနဲ့  ပြောကြတယ်။ သူတို့  ဇာတ်ကောင်ချင်း စကားပြောတဲ့အခါ ဒါမှမဟုတ် သူတို့ ကိုယ်သူတို့  ပြန် တွေးနေတဲ့အခါ ဒါတွေဟာ သူတို့  ဘာတွေပါဆိုတာ စာဖတ်သူကို ပြောနေတာပဲ။ ဇာတ်ကောင်တစ်ယောက်ရဲ့ စကားပြော၊ အမူအရာ၊ စကားလုံး အသုံး အနှုန်းတွေက သူ့ သမိုင်းကို သူ ပြောနေတာပါပဲ။ သူ့ ကံကြမ္မာ အကြောင်း သူ ဘယ်သူ ဖြစ်တယ်ဆိုတာ ပြောနေတာပါပဲ။ ဒါကြောင့် စကားပြောဟာ အရေးကြီးပါတယ်။

စာရေးဆရာက သူ့ ဇာတ်ကောင်တွေကို သာမန် ဇာတ်ကောင်နဲ့  မတူပဲ ထူးခြားတဲ့ အပြုအမူတွေ ပြုမူတတ်တဲ့ ဇာတ်ကောင်တွေ အဖြစ် ဖန်တီးချင်တာလည်း ရှိလိမ့်မယ်။ ဒီလို ထူးခြားချင်ရင် အဲဒီ ဇာတ်ကောင်ရဲ့ စရိုက် ထူးခြားချက်တွေက ကျောရိုးသဖွယ် ဖော်ပြချက်တွေ ဖြစ်နေရပါမယ်။ သာမန် လက်ကောက် ၀တ်ထားတာမျိုး၊ လက်ဝတ်ရတနာ ၀တ်ထားတာမျိုးရေးပြတာလောက် မဖြစ်စေရဘူး။

ဆိုကြပါစို့ ။ စာရေးဆရာက သူ့ ဇာတ်ကောင်ဟာ ကြောက်စိတ် ရှိတတ်တယ် ဆိုတာ ဖော်ဆောင်တယ် ဆိုပါ တော့။ လူတွေထဲမှာ စကားပြောတော့မယ်ဆိုရင် အသံထွက်မလာတတ်တာမျိုး၊ တယ်လီဖုန်း မြည်သံကြား ရင်တောင် ကောက်ကိုင်ရမှာ ကြောက်တာ မျိုး ဒါမျိုး ပြောချင်ရင် အစောကြီးထဲက လေးလေးနက်နက် ပျိုးထား ခဲ့ရမယ်။ လိုအပ်တဲ့ နေရာကျမှ ကောက်ထည့်လိုက်တာမျိုး မဖြစ်သင့်ဘူး။

ဥပမာပြရမယ်ဆိုရင် ကျွန်မက ဇာတ်ကောင်တစ်ယောက်ကို ခန္ဓာကိုယ် ချည့်နဲ့ နေသူအဖြစ် ဖန်တီးထားတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ သူဟာ စိတ်ဓာတ်ရေးရာအရလည်း ချည့်နဲ့ နေသူ ဖြစ်တဲ့အတွက် ဒါကို တင်စားပြချင် လို့  သူ့ ခန္ဓာကိုယ်ကိုပါ ချည့်ပစ် လိုက်တာပါ။ ဒါပေမဲ့ ဒီဝတ္ထုဖတ်နေသူတွေက မေးကြတယ်။ သူက ဘာလို့  အဲဒီလို ချည့်နဲ့  သွားတာလဲတဲ့။ ဒါဟာ ကောင်းသော တုံ့ ပြန်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ စာဖတ်သူက ကျွန်မ ဇာတ်ကောင်ကို စိတ်ဝင်စားသွားတာ သေချာတာကိုး။ ဒါပေမဲ့ အဲဒီ အချိန်မှာ ကျွန်မကလည်း တခြား ပြသနာတွေ ရှိနေတော့ သူဘာကြောင့် ချည်နဲ့ နေတယ်ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ ဂရုထားတာက သူဟာ စိတ်ဓာတ်ရေးရာ ချို့ တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတဲ့အချက်ပဲလို့  ပြန်ဖြေခဲ့တယ်။

တကယ်တမ်းကျတော့ စာဖတ်သူတွေက ဇာတ်ကောင်ကို အသေးစိတ် စိတ်ဝင်စားကြတယ်။ သူ့ ခြေထောက် ဘာလို့  အဲလိုဖြစ်သွားလဲဆိုတာ သိချင်ကြတယ်။ ဒါကြောင့် ကျွန်မက ကျွန်မ ဇာတ်ကောင်ကို ရေတပ်ထဲသွင်း မတော်တဆ ထိခိုက်မှုတစ်ခု ဖန်တီးပြီး သူ့ ကို ခြေထောက် မသန်အောင် ဇာတ်ကွက်ကို ချပေးလိုက် ရတယ်။ အဲဒီလို ဇာတ်ကွက်ကို ဖြေပေးလိုက်မှ ပရိသတ် ကလည်း ကျေနပ်သွားတယ်။

စာရေးဆရာ Hannery O’Connor က ပြောဖူးတယ်။ “စာရေးဆရာက ဇာတ်ကို သူ ကြိုက်သလို လုပ်လို့ ရ တယ်။ ဒါပေမဲ့ ကြိုက်သ လို လုပ်လို့  မရတာတွေလည်း အများကြီး ရှိပြန်တယ်” တဲ့။ ဒီအဆိုအမိန့် ကြောင့် ကျွန်မ ဇာတ်ကောင်ကို ခြေမသန်သူအဖြစ် ဖန် တီးခဲ့ပေမဲ့ ဘာကြောင့်ဆိုတာ ကျွန်မ မပြောပဲ မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်သွားခဲ့ရတယ်တဲ့။

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: