စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၈ {စာရေးသူနဲ့  အမှားဆယ်ခု}

စာရေးဆရာမ အယ်ဒီတာ မာရီယမ်ရင်းက သူ့ အတွေ့ အကြုံအရ စာစရေးစ စာရေးဆရာမျာ့း မှားလေ့ မှားထရှိတဲ့ အမှား ဆယ်ခု ရှိပါတယ်လို့  ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ –

၁။
ဝတ္ထုတိုမှာပဲ ဖြစ်ဖြစ်၊ ၀တ္ထုရှည်မှာပဲ ဖြစ်ဖြစ် အရေးကြီးဆုံး အမှားက ဇာတ်အိမ် မဖွဲ့ တတ်ခြင်းပါပဲ။ စာရေးဆရာ အားလုံး ကြားဖူး၊ ဖတ်ဖူးမှာပါ။ “မပြောပါနဲ့ ၊ ပြပါ” ဆိုတဲ့ စကားလေ။ ဒါပေမဲ့ ဒီစကားကို ကြိမ်ဖန် များစွာ လျစ်လျူရှု ထားတတ်ကြပါတယ်။ စာရေးသူ တစ်ယောက်အနေနဲ့  စာဖတ်သူကို သူ့ ဝတ္ထု ဇာတ်ကြောင်းက ဘာဖြစ်နေတယ်ဆိုတာ တိုက်ရိုက် ပြောလိုက်ရတာက လွယ်ပါ တယ်။ စာရေးဆရာက သူ ရေးရမဲ့ဇာတ်ကို အားလုံး အစအဆုံး သူ သိပြီးသား ဖြစ်နေတာကိုး။

ဝတ္ထုတိုဆိုတာ ဇာတ်အိမ်ဖွဲ့ ပြီး စာဖတ်သူကို ပြသွားရတာမျိုး။ သတင်းစာလို အဖြစ်အပျက် တစ်ခုကို သတင်း ပေးတဲ့ သဘော သက်သက် ရေးလို့  မရပါဘူး။ စာဖတ်သူက ၀တ္ထုဇာတ်လမ်းထဲမှာ ကိုယ်တိုင် စီးဝင် မျောပါ နေချင်တာ။ သူက ဇာတ်လမ်းကို နားထောင်ချင်တဲ့သူ မဟုတ်ပါဘူး။ သူတို့ အနေနဲ့  ၀တ္ထုထဲက မြင်ကွင်း ပေါ်ကို ကိုယ်တိုင် ရောက်နေချင်တယ်။ ဇာတ်ကောင်တွေ ဘာလုပ်နေကြသလဲဆိုတာ မြင်ချင်တယ်။ ဘာတွေ ပြောနေကြသလဲဆိုတာ ကြားချင်တယ်။ အဲဒါကို စာရေးတဲ့သူက ကြားဖြတ်ပြီး အတိုချုပ် ပြောထည့်လိုက်ရင် စာဖတ်သူက ရသင့်ရထိုက်တဲ့ အရသာကို အတင်း လုယူလိုက်တာနဲ့  တူပါတယ်။

စာဖတ်ခြင်းဟာ ခံရသူ နေရာထက် ပြုလုပ်သူ နေရာအနေနဲ့ အနေအထား ပိုတူပါတယ်။ ဒါကြောင့် စာရေးဆရာက ဇာတ်ကောင် တွေရဲ့ စကားပြောကတဆင့် သဲလွန်စတွေ၊ ပုံပန်းသဏ္ဍန် ဖော်ပြချက်တွေကို စာဖတိသူအတွက် ဖြည့်ဆည်းပေးရမယ်။ စာဖတ်သူ က အဲဒီ စကားပြောတွေကတဆင့် ကောက်ချက်ဆွဲယူ သွားလိမ့်မယ်။ စာရေးဆရာက ကိုယ့်အလုပ် ကိုယ့်မလုပ်ပဲ စာဖတ်သူရဲ့ အလုပ်ကိုပါ ၀င်လုပ်သွားမယ် ဆိုရင် စာဖတ်သူကို လိမ်လည် လှည့်ဖျားရာ ရောက်တဲ့အတွက် စာဖတ်သူက သူ့ စာကို ဖတ်တော့ မှာ မဟုတ်ပါဘူး။

၂။
စာရေးသူ အတော်များများဟာ ဇာတ်လမ်းနဲ့  ဇာတ်ကွက်ကို မခွဲခြားတတ်ပါဘူး။ ဇာတ်လမ်းက စာအုပ်တစ်အုပ်ရဲ့ အစ ဖြစ်ပြီး ဇာတ်ကွက်က အခန်းတစ်ခန်းရဲ့ အစအဆုံးသာ ဖြစ်ပါတယ်။ ခိုင်မာတဲ့ ဇာတ်အိမ်၊ ဇာတ်ကွက် ရှိမှသာ ၀တ္ထုတစ်ပုဒ်ဟာ လှပ အောင်မြင်နိုင်မှာပါ။ ဇာတ်ကွက် အားကောင်းနေရင် ရှေ့ ဆက် ဘာဖြစ်မလဲဆိုတာ စာဖတ်သူက သိချင်လာတာပါပဲ။

၃။
စာရေးခါစ လူအတော်များများက သူတို့  ၀တ္ထုတွေမှာ စာဖတ်သူ ပရိသတ်ကို ခံစားနိုင်အောင် ၀တ္ထုကို ရှုထောင့်ပေါင်းစုံက ရေး တတ်ကြတယ်။ တကယ်တော့ စာဖတ်သူ စိတ်ဝင်စားတာက အဓိက ဖာတ်ကောင် တစ်ယောက်ထဲရဲ့ ရှုထောင့်ပါ။ သူတို့ ကိုယ် တိုင်က အဲဒီဇာတ်ရဲ့ ရှုထောင့်ကပဲ မြင်ချင် သိချင်ပါတယ်။ အဲဒါကို မမေ့သင့်ဘူး။

၎။
ဝတ္ထုကောင်း တစ်ပုဒ်ဟာ ဖတ်သူအတွက် အချက်အလက် တစ်ခု ရစေရပါမယ်။ ဒီလို ပြောလိုက်တဲ့ အတွက် စာဖတ်သူကို သင်ခန်းစာ တစ်ပိုဒ်ပို့ ချ ပေးရမယ်လို့  ဆိုလိုတာ မဟုတ်ပါဘူး။ ဓမ္မကျမ်းစာ ပို့ ချခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ၀တ္ထုတစ်ပုဒ် ဖတ်လိုက်လို့  ဆုံးသွားချိန်မှာ “အား” လို့  အသံ ထွက်နိုင် လောက်အောင် တစ်စုံတစ်ခု ရစေသင့်တယ်။ ဆုံးတော့မှ ဘာလဲဟ လို့  စာဖတ်သူက ပြန်မေးတာ ခံရရင် ဒီဝတ္ထုဟာ စာဖတ်သူကို တစ်စုံတစ်ခုမှ မပေးနိုင်တာ သေချာတယ်။

၅။
ဝတ္ထု ဇာတ်အိမ် တည်ဆောက်တာ ဘယ်နေရာ၊ ဘယ်ဒေသမှန်း အတိအကျ မဖော်ပြနိုင်တဲ့ ၀တ္ထု ဟာလည်း စိတ်ဝင်စားမှု လျော့ ပါးစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ နေရာဒေသ အစစ်အမှန်ကို နောက်ခံထားပြီး တည်ဆောက်တဲ့ ၀တ္ထု တွေဟာ ဆွဲဆောင်မှု ပိုကောင်းပါတယ်။ နေရာ ဒေသ စိတ်ကူးယဉ်နဲ့  ဖော်ပြပြီး ဇာတ်အိမ်ကောင်းကောင်း တည်ဆောက်ထားတဲ့ ၀တ္ထုတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ နေရာဒေသ တိကျမှု မရှိတဲ့အတွက် လေးနက်မှု မရှိဘူး။ ဘယ်မြို့ ဘယ်ဒေသမှာ ဇာတ်အိမ်တည် ထားမှန်း မသိတော့ ဇာတ်ကောင်တွေကလည်း ပေါ့နေတယ်။ ကျောက်မချထားတဲ့ သင်္ဘောလို မျောချင်ရာ မျောနေတယ်။

၆။
ဇာတ်လမ်းတစ်ခုအတွက် ဇာတ်ကွက်တွေကို ကိုယ်က ကြိုတွေးထားရင် ရေးရင်း တန်းလန်း လမ်းပျောက်တဲ့ အဖြစ်မျိုး မကြုံနိုင် တော့ပါဘူး။ ဖြစ်ရပ်တစ်ခုတိုင်းမှာ တန်ပြန် ရိုက်ခတ်မှု ရှိတယ် ဆိုတာ သတိထားပါ။ ကိုယ့်ဇာတ်ကွက်တစ်ခုမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်ရဲ့ တန်ပြန်မှုဟာ နောက်ဇာတ်ကွက်မှာ ပါရပါမယ်။ ဒါမှ ဇာတ်လမ်းက ရှေ့ ကို တိုးတက်သွားမှာလေ။

သတိပေးချင်တဲ့ အချက်က ၀တ္ထု ဇာတ်သိမ်းဟာ ကိုယ် ဖြစ်စေချင်သလို ဆွဲပြီး မသိမ်းဖို့ ပါပဲ။ ကိုယ်ဖြစ်စေ ချင်သလို ဇာတ်သိမ်း လိုက်ရင် ဒီဝတ္ထုဟာ အောင်မြင်တဲ့ ၀တ္ထုကောင်း တစ်ပုဒ် ဖြစ်မလာတော့ဘူး။

၇။
ဝတ္ထုရဲ့ အစဟာ အရေးကြီးပါတယ်။ အစမှားသွားရင် စာဖတ်သူက ၀တ္ထုရဲ့ အစကို လိုက်ရှာနေရလိမ့်မယ်။ သူမရဲ့ အတွေ့ အကြုံ အရ ၀တ္ထုကို ဇာတ်ရှိန် အမြင့်ဆုံး မတိုင်ခင် တစ်ခန်းကနေ စသင့်ပါတယ်တဲ့။

၈။
ဝတ္ထုထဲက စကားပြောဟာလည်း ၀တ္ထုတစ်ပုဒ်ရဲ့ အားကောင်းမှု၊ အားပျော့မှုကို ဖန်တီးပေးနိုင်ပါ တယ်။ တခါတလေမှာ စကားပြော ကောင်းမှုကြောင့် သာမန် ၀တ္ထုတစ်ပုဒ်ဟာ ၀တ္ထုကောင်း တစ်ပုဒ်အဆင့် ရောက်လာတတ်ပြီး စကားပြောညံ့မှုက ကောင်းတဲ့ ဇာတ် တစ်ပုဒ်ကို သာမန်အနေအထား ရောက်စေ နိုင်ပါတယ်။ စကားပြောဟာ သဘာဝကျဖို့  လိုပါတယ်။ ဒါပေမဲ့ လက်တွေ့  ဘ၀က စကားပြောနဲ့ တော့ ထပ်တူ၊ ပုံတူ မဖြစ်နိုင်ပါဘူး။ လက်တွေ့ ဘ၀က လူတွေ ပြောနေတာကို ကြားဖူးနေကြတာပါပဲ။ အဲဒီ သာမန် စကားတွေကိုပဲ စာရေးဆရာက ၀တ္ထု ဥာဏ်ကွန့် မြူးပြီး နားဝင်ကောင်းအောင် ရေးသား ဖော်ပြဖို့  လိုပါတယ်။

၉။
ပရိသတ်ယုံကြည်မှု မရှိလောက်တဲ့ ဇာတ်ကောင်များ ဖန်တီး ရေးဖွဲ့ ခြင်းဟာ ၀တ္ထုကို အများကြီး အားပျော့ သွားစေတတ်ပါတယ်။ ဒါကြောင့် စာရေးဆရာတွေ အနေနဲ့  စာမျက်နှာပေါ်မှာ သက်ဝင် လှုပ်ရှားနေတဲ့ ဇာတ်ကောင်တွေကို ဖန်တီးပါ။ ကိုယ်က ဇာတ်ကောင်စရိုက် ဖန်တီးမှု အားမသန်ဘူး ဆိုရင် ဇာတ်လမ်း၊ ဇာတ်ကွက်ကိုသာ အားပြုရေးသားပါ။ စကားပြော၊ ဆက်တင် အနေအထားနဲ့  ဖမ်းစားထားခြင်းအားဖြင့်လည်း ၀တ္ထုရဲ့ အရည်အသွေးကို တောက်ပြောင်လာစေတတ်ပါတယ်။

၁၀။
နောက်ဆုံး ပြောချင်တာကတော့ ကိုယ့် ၀တ္ထုနဲ့  ပတ်သက်ပြီး သူများ ဘယ်လို ဝေဖန်သလဲဆိုတာ နားစွင့်ပါ။ စာရေးဆရာ အချင်းချင်း ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အယ်ဒီတာရဲ့ အကြံပေးချက်ကိုပဲ ဖြစ်ဖြစ် လေးစားပါ။ ပြင်ဆင်မှု အလျဉ်းမရှိပဲ ပုံနှိပ် ဖော်ပြခံရတဲ့ ၀တ္ထုနဲ့  အယ်ဒီတာ အကြံပေးချက်အရ ပြင်ဆင်တဲ့ ၀တ္ထုတွေရဲ့ ခြားနားမှုဟာ ကြီးမားတတ်ပါတယ်။

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: