စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ၇ {စကားလုံးနှင့် စကားပြောနောက်ကွယ်မှ အဓိပ္ပာယ်}

ဝတ္ထုထဲမှာ ဇာတ်ကောင် နှစ်ယောက်ရဲ့ စရိုက်ဟာ ဘယ်တော့မှ မတူတတ်ပါဘူး။ ဇာတ်ကောင်စရိုက်ကို တည်ဆောက်တဲ့ နေရာမှာ နည်းလမ်း လေးမျိုး ရှိပါတယ်။ ‘ပုံပန်းသဏ္ဍန်’ ၊ ‘စကားပြော’ ၊ ‘လှုပ်ရှားမှု’ နဲ့  ‘ကိုယ့်လက်တွေ့ ဘ၀ထဲက အမူအကျင့်’ ကို ပေါင်းစပ် ပေးခြင်းပါပဲ။ လက်တွေ့ ဘ၀ထဲက လူတစ်ယောက် အတိုင်း အတိအကျ ယူပြီး ကိုယ့်ဇာတ်ကောင်ကို ဖန်တီးဖို့  ကြိုးစား မယ်ဆိုရင်တော့ ဒီကြိုးစားမှုဟာ အလဟ သ ဖြစ်မှာပါပဲ။ ပိုဆိုးတာက အဲဒီဇာတ်ကောင်ဟာ ၀တ္ထုထဲမှာ သက်ဝင် လှုပ်ရှားမှု မရှိ ဖြစ်နေမှာပါ။ လှုပ်ရှားမှု အပြည့်အ၀ ရှိတဲ့ ဇာတ်ကွက်ကို ဖန်တီးဦးတော့ ဒီဇာတ်ကောင်ကတော့ သက်ဝင်လာမှာ မဟုတ်ပါဘူး။

စာရေးဆရာ P.G Wood House ရဲ့ အဆိုက ‘စကားပြောတိုင်းဟာ ဖျော်ဖြေမှု ပေးနိုင်ရမယ်’တဲ့။ စာဖတ်သူ တစ်ယောက်က ကော်မာ (မျက်တောင်) ကလေး အဖွင့်အပိတ် အတွင်းက စကားပြောတစ်ခုကို ဖတ်ပြီးသွား တာနဲ့  တပြိုင်နက် သူ မသိသေးတဲ့ အကြောင်းအရာတစ်ခုကို သိသွားနိုင်စေရမယ်။ တကယ်လို့  စာဖတ်သူက သိခွင့်မရဘူးဆိုရင် စာရေးဆရာဟာ သူ့ တာဝန် မကျေဘူး။ သူ့ အလုပ်ကို သူ ဖက်ဆီး ပစ်လိုက်တယ်လို့  ဆိုနိုင်ပါတယ်။

ဒီတော့ မျက်တောင်လေး နှစ်ခုကြားက ၀ါကျတစ်ခု ဖတ်ရုံနဲ့  စာဖတ်သူက ဘာကို ဘယ်လို ရစေမလဲ။ ဒါကို ကွဲပြားအောင် ကျွန်တော်တို့ က စကားပြောကို နောက်တစ်ဆင့် ထပ်ဆင့် ခွဲခြမ်း စိတ်ဖြာ ကြည့်ရအောင်။ စကားပြောတစ်ခုဟာ အလုပ် ၄ခု လုပ်ရမယ်။

– ဇာတ်ကောင် စရိုက်ကို ပြရမယ်။
– ဇာတ်ကွက်ကို ရှေ့ သို့  ရွေ့ လျား သွားစေရမယ်။
– စာဖတ်သူအတွက် သတင်းပေးနိုင်ရမယ်။
– အသံ၊ လေယူ လေသိမ်းနဲ့  မြင်ကွင်းကို ဖော်ပြနိုင်ရမယ်။

ဇာတ်ကောင် စရိုက်ကို ပြရမယ်

စာရေးဆရာက စာဖတ်သူအတွက် သူ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်ကို အထောက်အကူပြုမဲ့ အချက်အလက် တချို့  ထည့်ပေးလိုက်ဖို့  လိုပါတယ်။ ထင်ရှားမဲ့ တစ်ခု နှစ်ခုလောက်ပဲ ထည့်ပါ။

ဥပမာအားဖြင့် “ဒီကလေးတွေနှယ်နော်။ ငါတော့ ခေါင်းရိုက်ခွဲ ပစ်လိုက်ချင်တာပဲ” လို့ ပြောတဲ့ ဇာတ်ကောင်နဲ့ “ကျွန်မကတော့ ကလေးတွေနဲ့  မျက်နှာချင်းဆိုင်ရမှာ တော်တော်ကို မျက်နှာပူနေတယ်” လို့ ပြောတဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့ စရိုက် ကွာခြား တယ်ဆိုတာ ပေါ်လွင်နေပါပြီ။ ဒီတော့ သူတို့ နှစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှု၊ သွားလာ နေထိုင်မှုတွေ မတူနိုင်တော့ပါဘူး။

တခါတလေမှာ စကားမပြောတာက ပြောတာထက် ထိရောက်တာတွေ ရှိပါတယ်။ အထူးသဖြင့် ဇာတ်ကောင် နှစ်ယောက်ကြား တင်းမာမှု၊ ပဋိပက္ခတွေ ရှိနေတဲ့အခါမျိုးပေါ့။ အလုပ်သမားတစ်ယောက်က သူ့ အလုပ်ရှင်ကို ဒေါသဖြစ်လို့  အော်ဟစ်ပြာဆိုနေ တာတွေ ရေးတာထက် မျက်ခွက်ကို လက်သီးနဲ့  တစ်ချက်ထဲထိုးပြီး လှည့်ထွက်သွားတာကို ရေးရတာက ပိုပြီး လွယ်ပါတယ်။ အဓိပ္ပာယ်လည်း ရှိတယ်။ ကျွန်တော် ခေါင်းစဉ်တပ်ထားတဲ့ “စကားလုံး နောက်ကွယ်က” ရှိနေတဲ့ အဓိပ္ပာယ်တွေကို စကားလုံးနဲ့  ဖန်တီးနေရင် တခါတလေ ပိုပြီး ခက်တတ်ပါတယ်။ စကားမပြောပဲ လက်သီးတစ်ချက် ထိုးလိုက်ရတာက ပိုပြီး ထိရောက်ပါတယ်။

ဇာတ်ကွက်ကို ရှေ့ သို့  ရွေ့ လျား သွားစေရမယ်

ဒီအချက်ကတော့ ကိုယ်တိုင် နားလည် သဘောပေါက်ဖို့  လိုပါတယ်။ ဇာတ်လမ်းဆိုတာ ဇာတ်ကောင်တွေရဲ့ ပဋိပက္ခ၊ တုံ့ ပြန်မှု တွေကနေ ဖြစ်ပေါ် လာတာပဲ မဟုတ်လား။ ဒီနေ့  ကျွန်တော်တို့ ခေတ်မှယ ပဋိပက္ခကို ဘာနဲ့  ဖြစ်ကြလဲ။ စကားတွေနဲ့  ဖြစ်ကြ တာပါပဲ။ ဒါတွေကို တစ်ယောက်နဲ့  တစ်ယောက် ဆက်သွယ် နားလည်မှုတွေနဲ့  ပြေလည်မှု ရအောင် လုပ်ကြရပါတယ်။

ကျွန်တော်တို့ က ဇာတ်အိမ်ကို ငြင်းခုန်မှုတွေ၊ သွေးဆောင်မှုတွေ၊ စီမံကိန်းချတာတွေ၊ တိမ်းချော်မှုတွေ၊ အတေင်းအဖျင်း ပြောတာ တွေ၊ တစ်ချက်ွတ် အမိန့် ပေးတာတွေနဲ့  ရွေ့ လျားစေပါတယ်။ ဒီနေရာမှာ ၀တ္ထုနဲ့  လက်တွေ့ ဘ၀ ကွာခြားတဲ့ အချက်တစ်ခု ပြောချင်ပါတယ်။ လက်တွေ့ ဘ၀မှာ လင်မယား၊ သားသမီးနဲ့  မိဘကြားမျာ နှလုံးသားချင်း နာလည်နိုင်ကြတဲ့ အတွက် စကားပြော စရာ မလိုပဲ အလိုလို ပြီးမြောက်သွားတဲ့ ကိစ္စတွေ ရှိပါတယ်။ ၀တ္ထုထဲမှာကျတော့ ဒီလို နားလည်လို့  မရတော့ဘူး။ စာဖတ်သွူပါ နားလည်အောင် မလွဲမသွေ စကားပြောတွေ ထည့်ပေးရပါတော့တယ်။

စကားပြောတစ်ခု ဆုံးသွားတိုင်း အပြောခံရတဲ့သူက မူလ ပထမ သူ မသိခဲ့ရသေးတဲ့ သတင်း အချက်အလက် အသစ်တွေ ရသွား စေရမယ်။ တနည်းပြောရင် စာဖတ်သူ သိသွားစေရမယ်။ စကားပြောက ပဋိပက္ခရဲ့ အဖြေဆီကို တဖြည်းဖြည်း ချဉ်းကပ် သွားတာ မျိုး ဖြစ်စေရမယ်။

စာဖတ်သူအတွက် သတင်းပေးနိုင်ရမယ်

စကားပြောက တဆင့် စာဖတ်သူကို သတင်းအချက်အလက်တွေ ပေးရာမှာ အတုံးလိုက် အတစ်လိုက် ပေးတာမျိုး မဟုတ်ပဲ ညင်ညင်သာသာ တစ်စတစ်စချင်း ပေးသွားရမယ်။ ဒါကြောင့် ရှေ့ ဆရာကြီးများက “မပြောနဲ့ ။ ပြပါ” လို့ ပြောခဲ့ကြတာပါ။

နောက်ဖြစ်လာမဲ့ ကိစ္စ တစ်ခုအတွက် ကြိုတင်ချိတ်ထားတဲ့ အနေနဲ့ လည်း စကားပြောကို သုံးနိုင်ပါတယ်။ ထိရောက်မှု ရှိပါတယ်။ ရှေ့ မှာ နမိတ်ပြ စကားလောက်ပဲ သုံးထားပြီး တကယ့်အဖြစ်အပျက် ဖတ်ရချိန်ကျမှ ရှေ့ မှာ ချိတ်ဆက်ထားတဲ့ စကားနဲ့  စာဖတ်သူ ကိုယ်တိုင်က ပြန်တွေးယူရတာ အရသာပါပဲ။ ရှေ့ က ပြောခဲ့တဲ့ စကားဟာ အသားလွတ်ပြောခဲ့တာ မဟုတ်ဘူးဆိုတာ ဖော်ပြနိုင်လိုက်ချိန်မှာ စာဖတ်သူကလည်း ခံစားရတာ ပျော်သွားပါတယ်။ ဒါကြောင့် စကားပြောကတဆင့် စာဖတ်သူကို သတင်း အချက်အလက် ပေးပါဆိုတာ အတုံးလိုက် အတစ်လိုက် ပေးခိုင်းတာ မဟုတ်ပါဘူး။ ခပ်ပါးပါးလေး ပေးသွားရုံပါပဲ။

အသံ၊ လေယူ လေသိမ်းနဲ့  မြင်ကွင်းကို ဖော်ပြနိုင်ရမယ်

လေယူလေသိမ်း ဘယ်လို ထားရမယ် ဆိုတာ ၀တ္ထုရဲ့ ပထမဆုံး စာပိုဒ်မှာ ဆုံးဖြတ် ရွေးချယ်ရတာ အခက်ဆုံးနဲ့  အရေးကြီးဆုံး ပါပဲ။ လေယူလေသိမ်းကို မှန်မှန်ကန်ကန် ကြားယောင်လာအောင် ရေးတတ်တဲ့သူတွေဟာ ထူးချွန် ထက်မြက်သူတွေ ဖြစ်လာ ပါတယ်။

တောကြိုအုံကြားက ကလေးတစ်ယောက်ရဲ့ လေသံနဲ့  တက္ကသိုလ် ကျောင်းသားတစ်ယောက်ရဲ့ လေသံ ဘယ်နည်းနဲ့ မှ မတူနိုင် သလို၊ အသတ်ခံရမဲ့ဘေးက လွတ်အောင် ပြေးလာတဲ့ လူတစ်ယောက် ပြောတဲ့ စကားနဲ့  ဈေးဝယ် ထွက်တဲ့သူတစ်ယောက်ရဲ့ အသံဟာလည်း မတူနိုင်ပါဘူး။ မှန်ကန်စွာ ရေးသားတတ်ဖို့ လိုပါတယ်။

မျက်တောင်လေး နှစ်ခုကြားက ၀ါကျ (စကားပြော) တိုင်းဟာ ဘယ်သူက ပြောနေတယ်။ ဘယ်လို လေသံရှိလဲဆိုတာ စာဖတ် ပရိသတ် သိအောင် စာရေးဆရာက လုပ်ပေးရတာပါပဲ။ ခုခေတ်မှာတော့ စကားပြောနဲ့ ရေးနည်းဟာ စတိုင်လ် တစ်ခု ဖြစ်လာခဲ့ ပါပြီ။ တကယ်တော့ စကားပြောကို ဘယ်လို ပုံစံနဲ့  ရေးရမလဲဆိုတဲ့ ဥပဒေသတော့ အတိအကျ မရှိပါဘူး။ ပရိသတ် နားလည် သွားအောင် ရေးနိုင်တဲ့နည်းသာ အဓိကပါတဲ့။

Advertisements

About mayzuu
hi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: